Popular Posts

Thursday, July 12, 2012

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လမ်းပန်းဆက်သွယ်ရေး ပြသနာ



နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အဓိက လိုအပ်ချက်ဖြစ်သော လမ်းပန်းဆက်သွယ်
ရေးကိစ္စ နှင့် တိုင်ခမ်းချောင်းရေအားလျှက်စစ် ထုတ်ယူမှု စီမံကိန်းဆောင်ရွက်ရန် ရှိမရှိ အဆိုနှစ်
ရပ်ကို ပြည်သူ့လွတ်တော် ပထမအကြိမ် စတုတ္ထပုံမှန် အစည်းဝေးတွင် အဆိုတင်သွင်းမည်ဖြစ်
ကြောင်း ပြည်ခိုင်ဖြိုးပါတီ နာဂ ပြည်သူ့လွတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။


" နာဂ ဒေသအတွက်အဓိကလိုအပ်ချက်ကတော့ လမ်းပန်းဆက်သွယ်ရေးပဲ။ လဟယ်
နှင့်နန်းယွန်းကြားလမ်းကို သုံးနှစ်စီမံကိန်း ဆိုပြီး ၂၀၀၁၂ ဇန္န၀ါရီလ က စလုပ်လာတာ အခုချိန်
အထိ တော့ ဘာမှ ထိထိရောက်ရောက် မလုပ်နိုင်သေးဘူး။အဲဒါကြောင့် အဲဒီ လမ်းစီမံကိန်းကို
ပုဂ္ဂလိ ကအတွက် လွဲပြောင်းပေးဖို့ ရှိမရှိ အဆိုတင်သွင်းဖို့ ရှိတယ်" ဟု ၄င်းကပြောကြားသည်။

လဟယ်မြို့ နှင့် နန်းယွန်းမြို့ အားဆက်သွယ်ပေးမည့် လမ်းအား ဆယ့်နှစ်ရာသီ သွား
လာနိုင်ရန် အတွက် သုံးနှစ်စီမံကိန်းဖြင့် စစ်အင်ဂျင်နီယာ တပ်မှ တာဝန်ယူဆောင်ရွက်ပေးနေသော်
လည်း ရာသီဥတု ဆိုးရွားမှု၊ စက်ယန္တရားချို့ ယွင်းမှု၊ စက်ယန္တရားလုံလောက်စွာ အသုံးမပြုနိုင်မူတို့ ကြောင့် မေလ ကုန်ပိုင်းကပင် ရပ်ဆိုင်းထားသည်ဟုဆိုသည်။
"စက်ယန္တရားကောင်းကောင်းနဲ့ လုပ်သွားရင်တော့ အခုချိန် ဆို ပြီးသင့်သလောက်လည်း
ပြီးနေပြီ ဖြစ်ရမှာပါ။ ဘာလို့လဲဆိုတော့ ဒီလမ်းက အခုမှ အသစ်စဖောက်တာမှ မဟုတ်ပါဘူး။ အရင်ကတည်းက
ဖောက်ပြီးသားလမ်းကို ပြန်ပြီး ကောင်းအောင်ပြုပြင်သွားတာပဲဖြစ်တယ်" ဟု နာဂပြည်သူ့ လွတ်
တော်ကိုယ်စားလှယ်က ဆိုသည်။
လဟယ်မြို့ နှင့် နန်းယွန်းမြို့ကြားလမ်းသည် လမ်းအရှည်မိုင် ကိုးဆယ်ကျော်ရှိပြီး နန်းယွန်းမြို့နှင့် လဟယ်မြို့ ကြားရှိ ကျေးရွာပေါင်းများစွာကို ဆက်သွယ်ပေးနိုင်မည့်လမ်းဖြစ်သည်
အဆိုပါလမ်းအကြမ်းဖောက်လုပ်မှုကို ၂၀၁၀ ခုနှစ် ဇန္န၀ါရီလ တွင်ပြီးစီးခဲ့ပြီး စစ်ကိုင်းတိုင်း တိုင်း
မှူး ဗိုလ်ချုပ်တာအေးမှ လမ်းဖွင့်ပွဲ ပြုလုပ်ကျင်းပပေးခဲ့သည်။

No comments:

Post a Comment