Popular Posts

Monday, July 16, 2012

မျှော်လင့်ချက်နဲ့

လူသားချင်းတူ
ပျော်ရွှင်ခြင်း၊ မျော်လင့်ခြင်းနဲ့
ခရီးသွားလူသားချင်းတူ..
လောကစည်းစိန် အဖြာဖြာနဲ့
ပျော်နေအချိန်ဝယ်၊ ငိုနေသူကို
ဖေးမကြင်နာ..သနာမိလျှင်..
ဒီကမ္ဘာလောက ငြိမ်းချမ်းမည်တည်း..

ဝလျှင်စွားစား၊ ပြည့်စုံစွာဝတ်..
အပူပင်ကင်းလည်း..စည်းတစ်ဖက်မှာ.
ငတ်နေသူပေါင်းတစ်သိန်းတည်း….
ကြင်နာစိတ်နဲ့ မျှဝေခံစား..
ကူညီဖေးမ ဝတ်ကျေပွန်လျှင်..
ဒီကမ္ဘာလောကလှပမည်ကားအမှန်တည်း..
တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်..
ဘဝတူရင်းဝေ…ဖေးမလက်ကမ်း..
ပွေ့ဖက်ချီကာ..ဆောင်မလေသော်..
လှပချစ်ခြင်း ဖော်ဆောင်မည်ကားအမှန်တည်း….
မေတ္တာမျှဝေ၊ ကြင်နာစိတ်နဲ့..
ဝိုင်းဝန်းဆောင်ရွက်..ခရီးဆက်လှ
ျင်..
တူညီဝပြော ပန်းတိုင်ဆီသို့ရောက်ကြမည်ကား..အမှန်တည်း..…ချမ်း

No comments:

Post a Comment