Popular Posts

Thursday, July 12, 2012

နာဂ အမျိုးသားနိုင်ငံရေးပါတီထောင်ခြင်းကိစ္စ



လာမည့် ၂၀၁၅ တွင်ကျင်းပ မည့်ရွေးကောက်ပွဲတွင် နာဂ အမျိုးသားများအနေဖြင့် နာဂ
တစ်မျိုးသားလုံးကိုယ်စားပြု ပါတီ တစ်ခုအဖြစ်ရပ်တည်နိုင်ရန်( သို့မဟုတ်) မိတ်ဖက်ပါတီတစ်ခုနှင့်
ပူးတွဲ ရပ်တည်ရန် စသည့် ကိစ္စရပ်များကို ဆွေးနွှေးမည့် အစီအစဉ်တစ်ခု ပြုလုပ်မည်ဖြစ်ကြောင်း 
ရန်ကုန် နာဂ ရိုးရာယာဉ်ကျေးမူဥက္ကဌ ထံမှ သိရသည်။
အဆိုပါတွေ့ဆုံဆွေးနွေးမည့် အစီအစဉ်ကို ဇူလိုင် ၁၄ ရက်တွင် မြစ်ကြီးနားမြို့တွင် ပြု
လုပ်မည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့မှ နာဂ အမျိုးသားတစ်ဦးက ပြောကြားသည်။
" အခုကတော့ ဘာမှ ကြီးကြီးကျယ်ကျယ်လုပ်တာမဟူတ်ပါဘူး၊မိသားစု စကားဝိုင်းပုံစံနဲ့
ပဲ တွေ့ဆုံဆွေးနွေးကြမှာပါ " ဟူ မြစ်ကြိးနားမြို့မှ ပါတီ နိုင်ငံ ရေးစိတ်ဝင်စားသူ တစ်ဦးက ပြောကြားသည်။
ယင်းတွေ့ဆုံဆွေးနွေးမည့်အစီအစဉ်ကို လယ်ရှီး၊ လဟယ်၊ နန်းယွန်း၊ ပန်ဆောင် စ
သည့်မြို့များပါဝင်ဆွေးနွေးနိုင်ရန်စီစဉ်ခဲ့သော်လည်း မိုးတွင်းကာလ လည်းဖြစ်၊ သွားလာရန်လမ်းခ
ရီး အခက်အခဲများကြောင့် မြို့နယ်အလိုက်တွေ့ဆုံဆွေးနွေးသည့် အစီအစဉ်ပြုလုပ်ရကြောင်း၎င်းက
ဆိုသည်။
မြစ်ကြီးနားမြို့တွင်တွေ့ဆုံကြမည့် မြို့ နယ်များမှာ လီဒိုလမ်းမ ကျောရှိ မြို့ နယ်များဖြစ်
သောမြစ်ကြီးနား၊ တနိုင်း၊ ရှင်ဘွေယန်၊ နန်းယွန်း နင့် ပန်ဆောင်မြို့ နယ်ခွဲတို့ ဖြစ်သည်။
ယခုပထမ အကြီမ်တွင် မြို့ နယ်အလိုက်တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ပြီး တိကျသည့် အ
ဖြေတစ်ခု ထွက်ပေါ်နိုင်ရန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့ နယ် သုံးမြို့ နယ်လုံးပါဝင်မည့် အစီအစဉ်ကို
ဒုတိယ အကြိမ်မြောက် ပြန်လည်တွေ့ ဆုံမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment