Popular Posts

Monday, July 16, 2012

မျှော်လင့်ချက်နဲ့

လူသားချင်းတူ
ပျော်ရွှင်ခြင်း၊ မျော်လင့်ခြင်းနဲ့
ခရီးသွားလူသားချင်းတူ..
လောကစည်းစိန် အဖြာဖြာနဲ့
ပျော်နေအချိန်ဝယ်၊ ငိုနေသူကို
ဖေးမကြင်နာ..သနာမိလျှင်..
ဒီကမ္ဘာလောက ငြိမ်းချမ်းမည်တည်း..

Saturday, July 14, 2012

ဆိတ်သားခြောက်စားသုံးသူများအထူးသတိထားဖွယ်ရာ

စစ်ကိုင်းတိုင်းဒေသကြီးမုံရြွာ
မို့ခေတ်မှီဖွံ့ဖြိုးတိုးတက်မှုတွေမြန်ဆန်လာသည်
နှင့်အညီအသင့်စားသုံးကုန်ပစ္စည်းတွေထုတ်လုပ်သောလုပ်ငန်းများကလည်
အလွန်မှပေါများလာသည်မှာ-ယခင်နှစ်တွေနှင့်မတူဘဲတိုးတက်လာသည်မှာအံ့
မခန်းပင်ဖြစ်ပါသည်။
အထူးသဖြင့်ဆိတ်သားခြောက်လုပ်ငန်းတွေကပိုလိုပင်ပေါများလာခဲ့လေပြီ။
၎င်းဆိတ်သားခြောက်တွေထုတ်လုပ်မှုမှာ-အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ
မှုဌာနကလည်းစစ်ဆေးမှုတွေမရှိတော့ထင်သလိုထုတ်လာကြတယ်။အဓိက ကတော့တာရှည်ခံဆေးတွေကိုအလွန်အသုံးပြုထားတယ်။တစ်ချို့ဆိုရင်ဆေး
ရုံမှာxလူသေကောင်တွေကိုရက်ကြာကြာအထားခံအောင်xသုံးတဲ့(ဖော်မလင်)
လို့ခေါ်တဲ့ဓာတုဗေတဆေးရေတွေသုံးတယ်။ဆိတ်သားခြောက်တွေကိုတာအခု
ထင်တိုင်းလုပ်နေကြရင်တော့ "ကျန်းမာရေးဝန်ကြီးဌာနရဲ့လူတိုင်းသက်တမ်း
စေ့အသက်ရှည်စွာနေထိုင်နိုင်ရေး"ဆိုတဲ့ဆောင်ပုဒ်ကတော့ပြောင်းပြန်အချိုး
သက်ရောက်သွားလိမ့်မယ်။"ကမ္ဘာကြီးကိုခြိမ်းခြေက်နေတဲ့ကုရာနတ္ထိဆေးမရှိ
တဲ့(ကင်ဆာရောဂါ)တွေဟာမုံရွာသာမကတစ်နိုင်ငံလုံးသို့ပျံ့နှံ့ပေါများလာ
တော့မှာမြေကြီးလက်ခတ်မလွဲပါ"ဟု မုံရွာမြို့အောင်မင်္ဂလာရပ်ရှိဝါရင့်ဆရာဝန်
ကြီးတစ်ဦးကဆိုတယ်။
မုံရွာမြို့ရှိဆိတ်သားခြောက်လုပ်ငန်းတော်တော်များများသည်ဆိတ်သား
ခြေက်မစစ်အမဲသား(ကျွဲသား၊နွားသား)တွေရောနှောထားသည်ဟုလည်းသိရ
သည်။ဆိတ်၊ကျွဲ။နွားများကိုလည်းကိုယ်အိမ်ထဲမှာပင်တိုးတိုးတိတ်တိတ်သတ်
နေသည်ဟုလည်းသိရသည်။

အာဇာနည်နေ့ အခမ်းအနားသို့ နိုင်ငံရေးပါတီ တစ်ပါတီလျှင် ၅ဦး

အာဇာနည်နေ့ အခမ်းအနား သို့ နိုင်ငံရေးပါတီများမှတစ်ပါတီလျှ
င်၅ဦးသာ တက်ရောက်ရ မည်ဖြစ် ကြောင်း သိရသည်။
ရွေးကောက် ပွဲကော်မရှင်မှ အာ ဇာနည်နေ့အခမ်းအနားတက်ရောက်ရန် ဖိတ်ကြားပြီး ၅ဦးထက်မပိုရန် တားမြစ် ကြောင်း နိုင်ငံရေး ပါတီများထံမှသိရသည်။

''ရွေးကောက်ပွဲကော်မရှင်က အာဇာနည်နေ့အခမ်းအနားတက်ဖို့ဖိတ်ပါတယ်။ သို့သော် ၅ဦး ထက်မပိုရဘူး လို့တော့ပြောတယ်။ အန်ကယ်လ်တို့ပါတီအ နေနဲ့အာဇာနည်နေ့ အခမ်းအနား ကိုတက် ရောက်ဖို့ စာရင်း ပေးပြီးပါပြီ'' ဟုဒီမိုကရေစီ နှင့်ငြိမ်းချမ်းရေး ပါတီအထွေထွေ အတွင်းရေး မှူး ဦးမျိုးညွှန့် ကပြောသည်။

ရွေးကောက်ပွဲကော်မရှင်မှ ဇူလိုင်၁၁ရက်တွင်အကြောင်းကြား ခဲ့ပြီးယမန်နှစ် ကဖိတ်ကြားခြင်း မရှိသော နိုင်ငံရေးပါ တီများ ကိုပါဖိတ်ကြားသည်ဟုသိရသည်။

''မနှစ်ကမဖိတ်ဘူး။ဖိတ်စာ မ ရတာလည်းဖြစ်နိုင်ပါတယ်။အာဇာနည်နေ့ အခမ်းအနား တက်ရောက် ဖို့ဖိတ်ကြား ခံရ တာဝမ်းသာပါတယ်။ အလုပ်တွေအရမ်းရှုပ် နေလို့ အခမ်းအနား ကိုတော့ တက်ရောက် နိုင်မှာ မဟုတ်ဘူး''ဟုချင်းအမျိုးသားပါတီ ဥက္ကဋ္ဌဦးဇိုဇမ်ကပြောသည်။

အာဇာနည်နေ့အခမ်းအနား သို့နိုင်ငံရေး ပါတီတစ်ပါတီလျှင် ၅ဦးတက် ရောက်ခွင့်ရှိသော်လည်း ချင်း အမျိုး သား ပါတီမှာ အခမ်းအနား သို့တက်ရောက်နိုင် မည်မဟုတ်ကြောင်း သိရသည်။

The world's longest ongoing war

Friday, July 13, 2012

ငှက်ဖျားရောဂါခံစားနေရတဲ့

မြန်မာနိုင်ငံက ဆေးမတိုး တဲ့ ငှက်ဖျားရောဂါတိုက်ဖျက်ရေးအတွက်
နိုင်ငံတကာက မကူညီဘူးဆိုရင် ငှက်ဖျား ရောဂါကြောင့် ကလေး
သေဆုံးမှု နှစ်စဉ် ၂ သိန်းလောက် ရှိလာလိမ့်မယ်လို့  MSF နယ်စည်းမခြား ဆရာဝန်များ အဖွဲ့  မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ်ဟောင်း
Frank Smithuis က ပြောပါတယ်။

သမိုင်းကြောင်း အလှည့်အပြောင်း အချိန်အခါကို ရောက်ရှိနေပြီလို့ သမ္မတ ဦးသိန်းစိန်က ပြော

Thursday, July 12, 2012

နာဂ အမျိုးသားနိုင်ငံရေးပါတီထောင်ခြင်းကိစ္စ



လာမည့် ၂၀၁၅ တွင်ကျင်းပ မည့်ရွေးကောက်ပွဲတွင် နာဂ အမျိုးသားများအနေဖြင့် နာဂ
တစ်မျိုးသားလုံးကိုယ်စားပြု ပါတီ တစ်ခုအဖြစ်ရပ်တည်နိုင်ရန်( သို့မဟုတ်) မိတ်ဖက်ပါတီတစ်ခုနှင့်
ပူးတွဲ ရပ်တည်ရန် စသည့် ကိစ္စရပ်များကို ဆွေးနွှေးမည့် အစီအစဉ်တစ်ခု ပြုလုပ်မည်ဖြစ်ကြောင်း 

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လမ်းပန်းဆက်သွယ်ရေး ပြသနာ



နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အဓိက လိုအပ်ချက်ဖြစ်သော လမ်းပန်းဆက်သွယ်
ရေးကိစ္စ နှင့် တိုင်ခမ်းချောင်းရေအားလျှက်စစ် ထုတ်ယူမှု စီမံကိန်းဆောင်ရွက်ရန် ရှိမရှိ အဆိုနှစ်
ရပ်ကို ပြည်သူ့လွတ်တော် ပထမအကြိမ် စတုတ္ထပုံမှန် အစည်းဝေးတွင် အဆိုတင်သွင်းမည်ဖြစ်
ကြောင်း ပြည်ခိုင်ဖြိုးပါတီ နာဂ ပြည်သူ့လွတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

အချစ်တောင်တန်း

 လွမ်းလိုက်တာတောင်တန်းကြီးရယ်..
မင်းနဲ့ဝေးနေရပေမယ့်
မင်းဘဝလှဖို့ကြိုးစားနေရလို့ ကျေနပ်နေမိတယ်…တခါတခါငါ
နင့်ဆီပြေး လာချင်တယ်..မင်းရဲ့ရင်ဖွင့်သံကိုငါနားထောင်ချင်တယ်..
မင်းရဲ့လိုအင်ဆန္ဒတွေငါဖြည့်ဆည်းပေးချင်လိုက်တာ…
ဖြစ်နိုင်မယ်ဆိုရင်မင်းအနားမှာ တစ်သက်လုံး
ဘယ်မှမသွားဘဲ နေနေချင်တယ်..ဒါပေမယ့်
ခုချိန် ငါ့ကိုနားလည်ပေးပါ..မင်းကွယ်ရာမှာနေပေမယ့်
မင်းအတွက်..အချိန်တိုင်းသတိရပြီး မင်းဘဝလှဖို့ငါကြိုးစားနေမှာပါ…
မင်းအထင်မလွဲလိုက်ပါနဲ့ ငါမင်းအပေါ်အချိန်တိုင်းသစ္စာရှိစွာ
ဘဝမှ ရပ် တည်သွားမှာပါ….တခါတခါ ငါ့လုပ်ရပ်တွေ
မင်းအတွက်အထင်အမြင်လွဲစရာဖြစ်မယ်ဆိုရင် ကြိုတင်တောင်းပန်ပါရစေ…မင်းငါ့အပေါ်မမုန်းဘူးဆိုရင်သာ
ငါကျေနပ်ပါတယ်..အချိန်တန်ရင်ပြန်လာခဲ့မယ်လို့ ငါကတိပေရင်း.
.သိပ်ချစ်ရတဲ့ …နာဂတောင်တန်းကြီးရယ်…မိုး

ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း သမ္မတကြီးက UNHCRသို့ပြောကြား

ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း သမ္မတကြီးက UNHCRသို့ပြောကြား

အစိုးရ နှင့် နာဂ အမျိုးသား ဆိုရှယ်လစ်

အစိုးရ၏ ကမ်းလှမ်းချက် အရ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ (NSCN-K) The National Socialist Council of Nagaland – Khaplang မှ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ငြိမ်းချမ်းရေး ဆွေးနွေးရေး ဖေါ်ဆောင်ရေး အဖွဲ့တို့သည် ပြီးခဲ့သည့် ဧပြီလ (၉) ရက်နေ့ မွန်း လွဲပိုင်း (၂) နာရီတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးမြို့ တပ်နယ် ခန်းမတွင် အပစ်အခတ် ရပ်စဲရေး တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။ အဆိုပါ အပစ်အခတ် ရပ်စဲရေး တွေ့ဆုံ ဆွေးနွေးရေးတွင် အချက် (၅) ချက် ပါဝင်သော ပဏာမ သဘောတူ လက်မှတ် ရေးထိုး နိုင်ခဲ့ ပါသည်။
ငြိမ်ချမ်းရေးအတွက် တည်ဆောက်ရန်အတွက် ပဏာမ သဘောတူညီချက် များမှာ-
(က) တပ်မတော်နှင့် နာဂ လက်နက်ကိုင် အဖွဲ့တို့သည် ၂၀၁၂ ခုနှစ်၊ ဧပြီလ (၉) ရက်နေ့ မှစ၍ အပြန်အလှန် အပစ်အခတ် တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားရန်။
(ခ) နှစ်ဦးနှစ်ဖက် အပြန်အလှန်ပြောဆို ဆက်ဆံဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက်  နာဂလက်နက်ကိုင် NSCN-K အဖွဲ့ ၏ ဆက်ဆံရေးရုံကို နှစ်ဖက် သဘောတူညီသော ခန္တီးမြို့တွင် ဖွင့်လှစ်ရန်။
(ဂ) အပစ်အခတ် ရပ်ဆိုင်းထားစဉ် ကာလအတွင် နှစ်ဦနှစ်ဖက် သဘောတူညီထားသော နေရာများမှအပ နယ်မြေ ကျော် လွန်၍ လက်နက်ကိုင်ဆောင် သွားလာမှုများကို နှစ်ဦးနှစ်ဖက် ကြိုတင် ညှိနှိုင်းပြီးမှ ဆောင်ရွက်ရန်။
(ဃ) အပစ်အခတ်ရပ်စဲ ထားစဉ်ကာလအတွင်း နာဂ လက်နက်ကိုင် NSCN-K အဖွဲ့အား လက်နက်ကိုင်ဆောင်ခြင်း မပြုဘဲ မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ခရီးသွားလာခွင့် ပြုရန်။
(င) ပြည်ထောင်စု အစိုးရက ဖွဲ့စည်းသည့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ နှင့် နာဂလက်နက်ကိုင် NSCN-K အဖွဲ့မှ ဖွဲ့စည်း သည့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့သည် နှစ်ဦးနှစ်ဖက် သဘောတူညီသော နေရာ၊ သဘောတူညီသော အချိန်ကာလ တွင် နာဂဒေသအတွင်း တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စသည့် ကိစ္စရပ်များ ဖေါ်ဆောင်နိုင်ရေးအတွက် ဆက်လက် တင်ပြ ညှိနှိုင်းဆွေးနွေးကြရန် တို့ဖြစ်သည်။
N_02ထိုအပစ်အခတ် ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲအတွင်းသို့ စစ်ကိုင်းတိုင်း ဒေသကြီး ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ခေါင်း ဆောင်၊ တိုင်းဒေသကြီးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှုးကြီး ကြည်နိုင် ဦးဆောင်သော အဖွဲ့ဝင် (၅) ဦး နှင့် အနာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ခေါင်းဆောင် Y ဝမ်းဝာင် နာဂ ဦးဆောင် အဖွဲဝင် (၇) ဦး တက်ရောက်ခဲ့ပါသည်။
နာဂ တိုင်းရင်းသား များသည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံ အတွင်း၌ နေထိုင်ကြသည်။ အိန္ဒိယ- မြန်မာနယ်စပ် အတွင်း ခြေကုတ်စခန်း ဖွင့်လှစ်ထားပြီး အိန္ဒိယ- မြန်မာနိုင်ငံ အတွင်းရှိ နာဂဒေသများ ပူးပေါင်းပြီး သီးခြား နာဂနိုင်ငံ ထူထောင်ရန် ရည်ရွယ်ဖွဲ့စည်းထားသည်။
N_01နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီသည် ၁၉၈၈ ခုနှစ် ဧပြီလ (၃၀) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ ၂၀၁၀ ခုနှစ် ဆန်းပိုင်းမှာ အခြေခံ ဥပဒေအရ စစ်ကိုင်းတိုင်း အတွင်း၌ ဒေသတချို့ကို စုပေါင်းကာ (လေးရှီး၊ လဟယ်၊ နန်းယိမ်း (၃) မြို့နယ်ပါဝင်) နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ခဲ့ပါသည်။

နာဂ စစ်ပြေးတွေ

အိန္ဒိယနိုင်ငံ အရုနချာပြည်နယ်မှာ ရောက်ရှိခိုလှုံနေကြတဲ့ မြန်မာနိုင်ငံ နာဂတိုင်းရင်းသား စစ်ပြေး ဒုက္ခသည်တွေဟာ အခုအချိန်အထိ အကူအညီတွေ မရရှိကြဘူးလို့ သိရပါတယ်။
Photo: RFA ဦးခပ်ပလန် ဦးဆောင်သော NSCN-K နာဂ လက်နက်ကိုင် အဖွဲ့မှ တပ်ဖွဲ့ဝင်များကို လက်နက်ကိုယ်စီဖြင့် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: RFA)
ဒီဒုက္ခသည်တွေဟာ စစ်ကိုင်းတိုင်းအထက်ပိုင်း နန်းယွန်းမြို့နယ်အတွင်းက ဖြစ်ပြီး ဒေသခံ ပြိုင်ဘက် နာဂသူပုန်အဖွဲ့ နှစ်ဖွဲ့အကြား ပြီးခဲ့တဲလက စပြီး တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတဲ့အတွက် အနီးဆုံး လုံခြုံစိတ်ချရာ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးလာကြတာပါ။
မြန်မာနိုင်ငံဘက်က နာဂ ဒုက္ခသည်တွေကို အိန္ဒိယဘက်က နာဂလူမျိုးတွေက ကူညီနေကြကြောင်းနဲ့ အိန္ဒိယစစ်တပ်က လုံခြုံမှုပေးထားပေမယ့် ရိက္ခာတော့ မထောက်ပံ့တဲ့အကြောင်း နယ်စပ်မှာနေထိုင်တဲ့ နာဂ အမျိုးသား မိုးကြည်က RFA ကို ပြောပါတယ်။
“အခု ကျနော်တို့ဘက်မှာ လက်ရှိ စစ်ပွဲတွေဖြစ်တော့ ဒုက္ခသည် အခြေအနေက အိန္ဒိယမှာ လူဦးရေ ၃ ရာကျော် အိန္ဒိယဘက်မှာ ရောက်နေတယ်။ အရုနချာပြည်နယ် နယ်စပ်မှာ ရောက်နေတာ။ ခွန်ဆန်မြို့ နယ်။ အကူအညီပေးတာ ဘာမှမရှိသေးဘူး။ အိန္ဒိယအစိုးရကလည်း ပါဝင်ပြီးတော့ ထောက်ပံ့တာ လုံးဝ မရှိသေးဘူး။ သူတို့ အမျိုးနဲ့ ဆိုင်တဲ့ဟာ နည်းနည်းပါးပါးတော့ အကူအညီပေးတာတော့ ရှိမယ်။ အခု ခွန်ဆန်မြို့ အနီးတဝိုက်မှာ သူတို့က ရွာပုံစံနဲ့ ဆောက်ခိုင်းပြီးတော့ အဲဒီမှာပဲ နေခိုင်းထားတယ်။ အိန္ဒိယတပ်က ကာကွယ်ပေးတယ်ဆိုတာ လူနေထိုင်မှုတော့ လုံခြုံရေးတော့ ပေးပါတယ် ဒါပေမယ့် စားနပ်ရိက္ခာ အကူအညီပေးတာ မရှိဘူး”
ပြီးခဲ့တဲ့လက စပြီး နန်းယွန်းမြို့နယ်အတွင်းက နာဂတောင်တန်းတလျှောက် နာဂသူပုန်အဖွဲ့တွေအကြား နယ်မြေလုတဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားပြီး ကျေးရွာတချို့ မီးလောင်ခဲ့တဲ့အတွက် အများစုက တောတောင်တွေထဲမှာ ပုန်းအောင်နေကြရပါတယ်။
အဲဒီ နာဂသူပုန်အဖွဲ့ နှစ်ဖွဲ့ဟာ အရင်က တဖွဲ့တည်းဖြစ်ခဲ့ပြီး ဦးခပ်ပလန် ဦးဆောင်တဲ့ အဖွဲ့နဲ့ တီမြွက်ပါး ဦးဆောင်တဲ့ အဖွဲ့ဆိုပြီး ကွဲခဲ့ပေမယ့် နှစ်ဖွဲ့လုံးက မူလနာမည်ဖြစ်တဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN အမည်ကို ဆက်လက်ခံယူထားကြပါတယ်။ နှစ်ဖွဲ့လုံးရဲ့ ရည်ရွယ်ချက်က အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံဘက်မှာ ရှိနေတဲ့ နာဂနယ်တွေကို ပေါင်းပြီး လွတ်လပ်တဲ့ နာဂနိုင်ငံ ထူထောင်ရေး ဖြစ်တယ်လို့ သိရပါတယ်။

နာဂနှစ်သစ်ကူးပွဲတော်အား နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ

အတွဲ ၂၈ ၊ အမှတ် ၅၅၁ ( ၆ - ၁၂ ၊ ၁ ၊ ၂၀၁၂)

ယခင်နှစ်များက ကျင်းပခဲ့သည့် နာဂ တိုင်းရင်းသား ရိုးရာနှစ်သစ်ကူးပွဲတော် တွင် တွေ့ရသည့် မိန်းမပျိုလေးများ။ ဓာတ်ပုံ - အေအက်ဖ်ပီ
နာဂတိုင်းရင်းသား ရိုးရာနှစ်သစ်ကူး ပွဲတော်အား ဇန်န၀ါရီလ ၁၂ ရက်နေ့မှ စတင်ခါ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၏ လေရှီးမြို့တွင် ပထမဆုံး အကြိမ် ကျင်းပသွားမည်ဟု ခရီးစဉ်အား တာဝန်ယူ စီစဉ် ၀န်ဆောင်မှုပေးမည့် Diamond Palaceခရီးသွားလုပ်ငန်းမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
"ဒီနှစ်မှာတော့ နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ လေရှီးမြို့မှာ ကျင်းပမှာဖြစ်ပါ တယ်။ ခရီးစဉ်ကို နိုင်ငံခြားသားခရီးသွား ဧည့်သည် ၃၇ ဦး၊ ပြည်တွင်း က ဧည့်သည် ၁၆ ဦး၊ စုစုပေါင်း ၅၃ ဦး တက်မှာပါ။နိုင်ငံခြားသား အများစုက ဥရောပနိုင်ငံတွေက ဖြစ်ပါတယ်။ အရင်နှစ်တွေဆို ပုံမှန် ဧည့်သည် ၂၀ လောက်ပဲ ပို့ပေးရပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ နှစ်ဆ ကျော်လောက်တက်လာပါတယ်"ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
ခရီးစဉ်အရ ဇန်န၀ါရီလ ၁၂ရက်နေ့ တွင် ရန်ကုန်မြို့မှ လေကြောင်းဖြင့် ထွက်ခွာပြီး မန္တလေးမြို့တွင် ခဏ၀င်ကာ ခရီးသည်အချို့ ထပ်မံတင်၍ ဟုမ္မလင်း မြို့သို့ ဆက်သွားမည်ဖြစ်သည်။ ထိုမှ တစ်ဆင့် အမြန်ရေယာဉ်ဖြင့် ထမံသီ ကျေးရွာသို့ ခရီးဆက်ကာ ထိုရွာမှတစ်ဖန် မော်တော်ယာဉ်ဖြင့် လယ်ရှီးမြို့သို့ သွားမည်ဖြစ်သည်။
ခရီးစဉ် ဒုတိယနေ့တွင် နံနက်စာ အပြီးတွင် မိမိအစီအစဉ်ဖြင့် ကား (သို့) ခြေလျင်ဖြင့် အနီးအနားပတ်ဝန်းကျင်ကို သွားလာ လည်ပတ်နိုင်သည်။
ညပိုင်းတွင် နာဂတိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှုနှင့် ဓလေ့စရိုက်များကို ရိုက်ကူးထာသည့် ရုပ်သံဗီဒီယိုအား ဧည့်သည်များကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ခရီးစဉ် တတိယမြောက်နေ့တွင် နာဂ နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အဖြစ် ၀ါးလုံးရှည်စိုက်ထူပွဲ ကျင်းပပြီး နာဂရိုးရာ အိမ်အသုံးအဆောင်ပစ္စည်းများကို လေလံတင်ရောင်းချပေးမည် ဖြစ်သည်။
စတုထ္ထမြောက်နေ့မှာ နာဂနှစ်သစ်ကူး နေ့ဖြစ်ပြီး နာဂလူမျိုးစု ခေါင်းဆောင်က ရိုးရာအစားအသောက်၊ ခေါင်ရည်များ ဖြင့် ပွဲတော်လာ ဧည့်သည်များကို ဧည့်ခံ ပြီး နှစ်သစ်ကို ကြိုဆိုကြမည်ဖြစ်သည်။
ထိုနေ့တွင် မီးပုံးကြီးဖြင့် နာဂတိုင်ရင်း သားများက ရိုးရာအကဖြင့် ၀ိုင်းဖွဲ့ကကြ မည်ဖြစ်ရာ ပွဲတော်လာ ခရီးသွားဧည့် သည်များလည်း ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။ ခရီးစဉ်အရ ပဉ္စမမြောက်နေ့ တွင် လေရှီးမှ ရန်ကုန်သို့ ပြန်လည် ထွက်ခွာမည်ဖြစ်သည်။
နာဂနှစ်သစ်ကူးပွဲတော်အား နိုင်ငံခြားသားခရီးသွားဧည့်သည်များ အထူးသဖြင့် ဓာတ်ပုံပညာရှင်၊ သတင်းထောက်များနှင့် ပြည်တွင်းမှ ဓာတ်ပုံပညာရှင်တို့ အများဆုံး သွားရောက်ကြသည်။
ခရီးစဉ်ဈေးနှုန်းမှာ နိုင်ငံခြားသား တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁,၅၀၀ နှင့် ပြည်တွင်းဧည့်သည်တစ်ဦးလျှင် ကျပ် ၆၀၀,၀၀၀ ဖြစ်ကြောင်း သိရှိရသည်။

Wednesday, July 11, 2012

စစ်အစိုးရေုကညာချက် နာဂNLDကန့်ကွတ်

စစ်အစိုးရ ထုတ်ပြန် ကြေညာခဲ့သော စစ်ကိုင်းတိုင်းရှိ မြို့နယ် ၃ မြို့နယ်ကို နာဂဒေသ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ သတ်မှတ်ခြင်းနှင့် ပတ်သက်၍ နာဂအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကန့်ကွက် လိုက်သည်ဟု သိရသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့ကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ရာတွင် နာဂလူမျိုးများ ရွေးချယ်ထားသည့် ကိုယ်စားလှယ်များနှင့် ဆွေးနွေးညှိနှိုင်းခြင်းမရှိဘဲ စစ်အစိုးရ လက်အောက်တွင် အကန့်အသတ်ဖြင့်သာ နေထိုင်ရမည် ဖြစ်သောကြောင့် ကန့်ကွက်ရခြင်းဖြစ်သည်ဟု နာဂအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစောဆ က ဆိုသည်။

“သူတို့ခွဲတာမှာ နာဂအများစုရှိတဲ့ နယ်မြေတွေလည်း မပါဘူး။ သူတို့ သတ်မှတ်တဲ့နေရာတွေက နာဂ တိုင်းရင်းသားတွေရဲ့ သြဇာသက်ရောက်မှု ဘာမှမရှိတဲ့နေရာတွေ။ ဒီကိစ္စမှာလည်း နာဂတိုင်းရင်းသား ခေါင်းဆောင်တွေက ဘာမှ မသိကြရဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတယ်လို့ ပြောပေမယ့် တကယ်တမ်းကျရင် ဘာမှ ထူးခြားမှုမရှိနိုင်ဘူး” ဟု ဦးစောဆက ပြောသည်။

စစ်အစိုးရက နာဂ အပါအ၀င်၊ ၀၊ ကိုးကန့်၊ ပအို့ဝ်နှင့် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ များနှင့် ရုံးစိုက်ရာမြို့များ သတ်မှတ်ခြင်းကို သြဂုတ် ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ယခုကဲ့သို့ သတ်မှတ်ပေးခြင်းသည် တိုင်းရင်းသားများက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ တောင်းဆိုခဲ့ကြသည်ကို စစ်အစိုးရအနေဖြင့် လိုက်လျောသည်ဟု ထင်မှတ်စရာ ရှိသော်လည်း လက်တွေ့တွင်မူ အပေါ်ယံ ဟန်ပြမျှသာ ဖြစ်သည်ဟု ဦးစောဆ က ဆိုသည်။

သူက “သူတို့ပေးတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုတာက စစ်အစိုးရရဲ့ ဗဟိုအဖွဲ့ကနေ လူတွေရွေးပြီး အုပ်ချုပ်ဖို့ ခန့်ထားတာ။ ကျနော်တို့ တိုင်းရင်းသားတွေ တောင်းဆိုခဲ့ကြတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို လုပ်ပေးလိုက်တာ မဟုတ်ဘူး။ ကိုယ့်တိုင်းရင်းသား ထဲက သဘောတူညီမှုနဲ့ ရွေးထားတဲ့သူ တယောက်မှ မပါဘူး။ နောက် နာဂ နယ်မြေက သမိုင်းဝင် နယ်နိမိတ် ရှိပြီးသား။ ဒီမြို့နယ် ၃ ခုတည်း ရှိတာ မဟုတ်ဘူး” ဟု ပြောသည်။

နာဂတိုင်းရင်းသား အများစုနေထိုင်ကြသည့် ဒေသများမှာ စစ်ကိုင်းတိုင်း မြောက်ပိုင်းရှိ တမူး၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ လေရှီး၊ လဟယ်၊ ခန္တီး၊ နန်းယွန်းနှင့် တနိုင်းမြို့နယ်တို့ ဖြစ်သည်။

နာဂတောင်တန်းဒေသသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် စီးပွားရေး၊ ပညာရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးလျှက်ရှိရာ အိမ်နီးချင်း အိန္ဒိယနိုင်ငံသို့ ပညာသင်ရန်နှင့် အလုပ်လုပ်ကိုင်ရန် ရွှေ့ပြောင်းနေထိုင်ကြသော နာဂ တိုင်းရင်းသားများလည်း ရှိနေသည်။

ထိုသို့ ရောက်ရှိနေသော နာဂ များကို မြန်မာအာဏာပိုင်များက လာမည့်ရွေးကောက်ပွဲတွင် ပြန်လာ၍ မဲပေးရမည်ဟု ဖိအားပေး ပြောဆိုခြင်းများ ပြုနေကြောင်း သိရသည်။

လေရှီးဒေသမှ အိန္ဒိယသို့ ပညာသင်လာသည့် နာဂအမျိုးသားတဦးက “အိမ်ကိုလာပြီး ကျနော့်ကို ပြန်လာမဲပေးရမယ်ဆိုပြီး အမေ့ကို ပြောတယ်တဲ့။ မပြန်ရင် အိမ်ကို လယ်ကိုသိမ်းမယ်ပြောတယ်။ ကျနော်က ဒီမှာ ကျောင်းတက်နေတာဆိုတော့ ဘယ်လိုပြန်ရမလဲနော်။ မပြန်ရင်လည်း အိမ်၊ လယ် သိမ်းမှာစိုးတာပေါ့။ မဲကတော့ မပေးချင်ပါဘူး။ ကျနော်တို့အတွက် ဘာမှ အကျိုးမရှိဘူးလေ” ဟု ပြောပြသည်။

ထိုသို့ ခြိမ်းခြောက်ခေါ်ယူမှုများကြောင့် နေရပ်သို့ ခေတ္တ ပြန်လိုသူ နာဂတိုင်းရင်းသားများလည်း ရှိနေပြီး ခြိမ်းခြောက်မှုများမှာ ရွေးကောက်ပွဲကာလအတွင်း ယာယီသာဖြစ်၍ တစုံတရာ အကျိုးသက်ရောက်မှု မရှိနိုင်ဟု ထင်မြင်သုံးသပ် သူများလည်း ရှိကြောင်း သူက ဆိုသည်။

စစ်အစိုးရက လာမည့် နိုဝင်ဘာ ၇ ရက်နေ့တွင် ရွေးကောက်ပွဲပြုလုပ်ရန် တရားဝင်ကြေညာထားသည်။

ဦးစောဆ က “စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ပြည်သူရဲ့ဆန္ဒလည်း ဘာမှမပါဘူး။ ပြည်သူတွေကို အမှန်တကယ် ကိုယ်စားပြုတဲ့သူတွေလည်း မပါဘူး။ တဖက်သတ်ကျတဲ့အပြင် စစ်အစိုးရက ပြည်သူတွေကို ခြိမ်းခြောက်တာတွေလုပ်ပြီး သူ့ရဲ့ ကြံ့ဖွံ့ပါတီကိုပဲ အနိုင်ရအောင် လုပ်ထားတာဖြစ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဆန့်ကျင်တာကို ကျနော်တို့က ထောက်ခံတယ်။ ပြည်သူအားလုံးကလည်း ၀ိုင်းဆန့်ကျင်ကြဖို့ လိုတယ်” ဟု ပြောသည်။